တအာင်းပညာရေးအကယ်ဒမီ-TEA ၏ ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း အပတ်စဉ် (၃) ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပပြီးစီး
နမ့်ဆန်၊ ဇန်နဝါရီ ၈ရက်
တအာင်းပြည်
တအာင်းပညာရေးအကယ်ဒမီ-TEA မှ ဦးစီးဖွင့်လှစ်သည့် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း အပတ်စဉ် (၃) ဖွင့်လှစ်ပွဲအခမ်းအနားကို နမ့်ဆန်မြို့နယ်ရှိ ကျောင်းခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါခမ်းအနားကို ဇန်နာဝါရီ (၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသူ/သားများ သက်ဆိုင်ရာဆရာ/မများအပါအ၀င် စုစုပေါင်းလူဦးရေ (၆၆)ဦးတက်ရောက်ခဲ့ကြသည်။

ဤသင်တန်းကို တက်ရောက်သင်ကြားသွားမည့်ကျောင်းသူ/သား (၄၆)ဦးရှိပါသည်။ သင်တန်းကာလအားဖြင့် (၁)နှစ်ကြာမြင့်မည်ဖြစ်ပြီး ဘာသာရပ် (၁၃)ခု သင်ကြားသွားရမည်ဖြစ်ပါသည်။
ထိုသင်တန်းကို တအာင်းပြည်ရှိ နမ့်ဆန်၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ မူဆယ်နှင့် အခြား မြို့နယ်က လူငယ်မောင်မယ်များ ဖြစ်ကြပါသည်။ ၎င်းသင်တန်းကို တက်ရောက်အောင်မြင်သွားသူများအနေဖြင့် တအာင်းပြည် ပညာရေးကောင်စီ (TLEC)မှ ဦးစီးဖွင့်လှစ်သော စာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။

အဆိုသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်သည် တအာင်းပြည် ပညာရေးကောင်စီ (TLEC) ဦးစီးဖွင့်လှစ်သည့် တအာင်းပြည်တွင်းစာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန်အတွက် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်း ဆရာ/မများ ပေါ်ထွန်းလာစေရန်အတွက်ဖြစ်သည်။
ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း အပတ်စဉ် (၂)ကို ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ ဇွန် (၃)ရက်နေ့၌ တအာင်းပြည်၊ နမ့်ဆန်မြို့နယ်တွင် ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

မှတ်ချက်များ