1690

နမ္မတူမြို့တွင် သက်ငယ်မုဒိန်းမှုကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်း

ဒေသတွင်းသတင်း
21 December 2025

နမ္မတူမြို့တွင် သက်ငယ်မုဒိန်းမှုကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်း


နမ္မတူ၊ ဒီဇင်ဘာ ၂၁ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် သက်ငယ်မုဒိန်းမှုကျူးလွန်သည့် အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။


ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၄)ရက်နေ့  ည (၈း၀၀)နာရီအချိန်၌ အသက် (၂၄)နှစ်အရွယ် မိုင်းအောင်ဌေးသည် အရက်သေစာသောက်သုံးခဲ့ပြီးနောက်တွင် အသက်မပြည့်သေးသည့် ကလေးငယ်၏ နေအိမ်၌ ဝင်ရောက်အိပ်ခဲ့ပါသည်။


ထိုနောက်တွင် ၎င်းကလေးငယ်ကို အတင်းအဓမ္မပြုကျင့်ခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ အခြားပြည်သူလူထုများကို သိရှိအောင်ပြောပြလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။


သက်ငယ်မုဒိန်းမှုပြုကျင့်ခံရသည့် ကလေးငယ်လည်း ၎င်းကိစ္စနှင့်ပတ်သက်၍ မိသားစုဝင်ကို ပြောပြခဲ့ပါသည်။ ထိုနောက် မိသားစုဝင်မှ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့ပါသည်။


ထိုနောက် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သက်ငယ်မုဒိန်းမှုကျူးလွန်ခဲ့သည့် အမျိုးသားကို သွားရောက်ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး  တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ  (၇)ရက်နေ့လည်း နမ္မတူမြို့နယ်တွင် အသက် (၉)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိန်းမှုကျူးလွန်းခဲ့သည့် အမျိုးသားတစ်ဦးကိုလည်း တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့တွင် သက်ငယ်မုဒိန်းမှုကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်