တအာင်းပြည်တွင် အမျိုးသမီးစစ်သည်တော်ကော်မတီများမှဦးဆောင်၍ နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်
မန်တုံ၊ နိုဝင်ဘာ ၂၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မန်တုံ၊ နမ့်ခမ်း၊ မိုင်းဝီး၊ ကွတ်ခိုင်၊ မိုင်းယု (၁၀၅)မိုင်၊ နမ္မတူ၊ နမ့်ဆန်နှင့် မိုင်းငေါ့မြို့နယ်တွင် အမျိုးသမီးစစ်သည်တော်ကော်မတီများမှဦးဆောင်၍ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုအခမ်းအနားတွင် PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးမှ အမျိုးသမီးများသည် နိုင်ငံရေးဦးဆောင်မှုအတွင်းမှာပြောပြော စီးပွားရေးဦးဆောင်မှုအတွင်းမှာပြောပြော ဦးဆောင်မှုနှင့် အခန်းကဏ္ဍအား အမျိုးသမီးများ နေရာရလာရန်အတွက် အကြမ်းဖက်မှုများပပျောက်ရန် အမျိုးသမီးဘဝများအားမြှင့်တင်ရန် အစရှိသည့် ရည်ရွယ်ချက်များ မြှင့်တင်ပြီးမှ ယခုလိုမျိုးအကြမ်းဖက်မှုပပျောက်ရေးနေ့ကို ဆောင်ရွက်ခြင်းဖြစ်သည်။ ကျွန်မတို့တဖြည်းဖြည်း လိုအပ်နေသည့် ပြုပြင်ပြောင်းလဲမှု ကျားမတန်းတူရေးများအား တဖြည်းဖြည်း တည်ဆောက်မှသာလျင် ကျွန်မတို့သွားမည့် တော်လှန်ရေးပန်းတိုင် အထူးသဖြင့် ကျားမတန်းတူရေး အမျိုးသမီးအပေါ် အကြမ်းဖက်မှုသည် တဖြည်းဖြည်းနှင့် ပပျောက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထိုအပြင် အခမ်းအနားတွင် အမျိုးသမီးစစ်သည်တော်ကော်မတီဝင်များ၊ PSLF/TNLA ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများနှင့် ကျောင်းသူ/သားများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀၀)နီးပါးတက်ရောက်ခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နိုဝင်ဘာ (၂၅)ရက်နေ့တွင် ကျရောက်ခဲ့သော နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားကို မိုင်းဝီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မိဘပြည်သူလူထုများဖြစ်ကြသည့် လီဆူ၊ ကချင်၊ ရှမ်း၊ တအာင်းလူမျိုးများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀)ဦးကျော် တက်ရောက်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ