TEA အပတ်စဉ်(၁) ကျောင်းသား/သူများကို ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းပွဲအခမ်းအနား ကျင်းပပြီးစီး
နမ့်ဆန်၊ နိုဝင်ဘာ ၂၂ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်တွင် တအာင်းပညာရေးအကယ်ဒမီ (Ta'ang Education Academy-TEA) မှ အပတ်စဉ်(၁) ကျောင်းသား/သူကို ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ကျင်းပပြီးစီးသွားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျာ်မှ " တော်လှန်ရေး နှစ်ပေါင်း (၇၀)ကျော်ကြာသောကြောင့် ပညာရေးလည်းဖိနှိပ်ခံခဲ့ရသလို အာဏာသိမ်းပြီးနောက်ပိုင်းလည်း ပညာရေးသည် ပျက်စီးသွားခဲ့ပြီး ထူးချွန်းသည့် ဆရာ/မများ လည်း CDM ပြုလုပ်ကာ တော်လှန်ရေးနယ်ပယ်ထဲသို့ ဝင်ရောက်လာကြသည်။ ထိုကြောင့် မိမိတို့ပညာရေးသည် ယခုထက် ပွင့်လင်းလွတ်လပ်မှုဖြစ်ရန်အတွက် အထူးပင်အားပေးသည်။ မိမိနားလည်းထားသည့် ပညာရေးသည် သက်ဆိုင်ရာအာဏာပိုင်းများ၊ ယူနီဖောင်ဝတ်ထားသည့်သူများ၊ လက်နက်ကိုင်သည့်သူများ၊ လုပ်ပိုင်ခွင့်ရှိသည့် သမ္မတများ ခြယ်လှယ်ခွင့်မရှိပေ။ ပညာရေးတိုးတတ်မှုရေးအတွက် ပညာရေးအဖွဲ့အစည်းမှ လွတ်လပ်စွာ ဆုံးဖြတ်ရမည်။ ကျနော်တို့ရည်မှန်းထားသည့် ပညာရေးသည် ဒီထက်မက ပိုမိုဆောင်ရွက်သွားမည်" ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထိုအပြင် အခမ်းအနားတွင် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလျခြုပျတားဟိူဝ်ပ္လါင်၊ အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပန်လ၊ တအာင်းပြည်ပညာရေးကောင်စီ -TLEC ဥက္ကဌ ဒီဒီပို;စေင်၊ ပါမောက္ခ ဒေါက်တာဟောည်၊ ဒေါက်တာမျိုးသန့်ထွန်းနှင့် ဆရာ/မများ၊ ကျောင်းသား/သူများအပါအဝင် ပြည်သူလူထုများ စုစုပေါင်း လူဦးရေ (၁၂၀၀)ဦးကျော် တက်ရောက်ခဲ့ကြသည်။ ထိုအပြင် အခမ်းအနားတွင် ထူးချွန်းသည့် သင်တန်းသူ/သားများကို ဆုချီးမြှင့်ပေးခြင်း၊ သင်ကြားပေးသည့် ဆရာ/မများ ဂုဏ်ပြုချီးမြှင့်ခြင်း၊ ဒီပလိုမာဘွဲ့ပေးအပ်ခြင်းပြုလုပ်ခဲ့သည်။
အဆိုပါ TEA ကျောင်း၏ အပတ်စဉ် (၁)သည် သင်တန်းသူ (၂၆)ဦး၊ သင်တန်းသား (၉၁)ဦး စုစုပေါင်း (၁၁၇)ဦးရှိပြီး ၎င်းတို့ကို ဆရာ/မအဖြစ် (၁)နှစ်သာ တာဝန်ထမ်းဆောင်ပြီးနောက် ယခုလို ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်ပေးခဲသည်။
TEA အပတ်စဉ်(၂) ကျောင်းဆင်းပွဲကို ပြီးခဲ့သည့် ဧပြီလ (၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းသူ/သား စုစုပေါင်း (၁၁၅)ဦးတတ်ရောက်ခဲ့ကြသည်။ TEA အပတ်စဉ်(၃)တွင်လည်း လာမည့် ဒီဇင်ဘာလတွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ