မန်တုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၂)ဦးဖမ်းဆီးရမိ
မန်တုံ၊ နိုဝင်ဘာလ ၁၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မန်တုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၂)ဦးဖမ်းဆီးရမိခဲ့သည်။

တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၁၅)ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် မန်တုံမြို့အတွင်း ရှောင်တခင်လှည့်လည်စစ်ဆေးနေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၃၅) နှစ်အရွယ် ဒေါ်နန်းဇီ၊ အသက် (၄၉)နှစ်အရွယ် ဦးမဲလောက်နှင့် အသက် (၆၂)နှစ်အရွယ် ဦးနီခွေတို့ကို ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ယခုလ နိုဝင်ဘာ (၂)ပတ်ကျော်တွင် တအာင်းပြည် ကွတ်ခိုင်၊ မိုးကုတ်၊ မိုင်းလုံ၊ မန်တုံမြို့နယ်တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ စုစုပေါင်း (၁၇)ဦးဖမ်းဆီးနိုင်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ