1612

မိုင်းခေါက်ကျေးရွာတွင် ဆိုလာပြားမှတစ်ဆင့် နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွား

ဒေသတွင်းသတင်း
16 November 2025

မိုင်းခေါက်ကျေးရွာတွင် ဆိုလာပြားမှတစ်ဆင့် နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွား

မိုင်းဝီး၊ နိုဝင်ဘာ ၁၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်၊ မိုင်းခေါက်ကျေးရွာတွင် ဆိုလာပြားမှတစ်ဆင့် နေအိမ် တစ်အိမ် မီးလောင်မှုဖြစ်ပွားသွားခဲ့သည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ (၁၀)ရက်နေ့ နေ့လယ် (၁၂း၃၀)နာရီအချိန်၌ ဒေါ်မပန်း၏ နေအိမ်သည် ဆိုလားပြားရှော့ဖြစ်ပြီး နေအိမ်စတင်မီးလောင်သွားခဲ့သည်။

အဆိုပါနေအိမ်အတွင်းရှိ ပစ္စည်းများအားလုံးမီးလောင်သွားပြီး ဆုံးရှံးမှုကာလတန်ဖိုး စုစုပေါင်း (၁၆)သိန်းကျော်ဆုံးရှုံးခဲ့ကာ ထိုမီးလောင်နေစဉ် ပြည်သူလူထုများ ဝိုင်းဝန်းပြီး ညနေ (၃း၀၀)နာရီချိန်မှ မီးငြိမ်းသတ်နိုင်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၀)ရက်နေ့လည်း နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာတွင် ဝါးယာကြိုးရှော့ဖြစ်ရာမှ နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွားသွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: မိုင်းခေါက်ကျေးရွာတွင် ဆိုလာပြားမှတစ်ဆင့် နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်