1605

ပန်ယုတ်ကျေးရွာအောက်တွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
13 November 2025

ပန်ယုတ်ကျေးရွာအောက်တွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံး

မိုင်းဝီး၊ နိုဝင်ဘာ ၁၃ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်၊ ပန်ယုတ်ကျေးရွာအောက်ရှိလမ်းမကြီးတွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး ပွဲချင်းသေဆုံးခဲ့သည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ (၉)ရက်နေ့ ည (၁၁း၃၀)နာရီအချိန်တွင် နမ့်ခမ်းမှ မိုင်းဝီးသို့ သွားသည့်ယာဥ်တစ်စီးသည် ကုန်းအဆင်းရောက်နေချိန် ဘရိတ်မမိသောကြောင့် တိမ်းမှောက်သွားခဲ့သည်။

ထိုယာဥ်တိမ်းမှောက်မှုကြောင့်  ယာဥ်မောင်းသူ အသက် (၄၄)နှစ်အရွယ် ဦးဆော်နိုင်ဆိုသူ၏ ပွဲချင်းသေဆုံးခဲ့သည်။ ၎င်းယာဥ်သည် ဆန် (၅၅)အိတ်၊ ဘီယာ (၂၆)ဖာ၊ ဓာတ်ဆီနှင့် ကုန်စုံအမျိုးမျိုး တင်ဆောင်ထားပါသည်။



အဆိုပါအခင်းဖြစ်ပွားသည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တာဝန်ရှိသူမှ သွားရောက်စစ်ဆေးခဲ့ပါသည်။

ပြီးခဲ့သည့် နိုင်ဝင်ဘာ (၆)ရက်နေ့လည်း ကွက်ခိုင်မြို့တွင် ဆိုင်ကယ် (၂)စီး ယာဥ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသား (၂)ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: ပန်ယုတ်ကျေးရွာအောက်တွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်