ကွက်ခိုင်မြို့တွင် ဆိုင်ကယ် (၂)စီး ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသား (၂)ဦး ပြင်းထန်ဒဏ်ရာရရှိ
ကွက်ခိုင်၊ နိုဝင်ဘာ ၁၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ ကွက်ခိုင်မြို့တွင် ဆိုင်ကယ် (၂)စီး ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသား (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ (၆)ရက်နေ့ နေ့လယ် (၁း၀၀)နာရီအချိန်၌ ရူခင်းသာဘက်မှ မောင်းနင်းလာသည့်ဆိုင်ကယ်တစ်စီးနှင့် ကွက်ခိုင်ဘတ်မှ လာသည့်ဆိုင်ကယ်တစ်စီးတို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပါသည်။
ထိုယာဥ်တိုက်မှုကြောင့် အသက် (၁၆)နှစ် မောင်ငြိမ်းမောင်၏ မျက်နှာ၊ မှေးစေ့နှင့် ရင်ဘက်ပေါ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် (၃၂)နှစ်အရွယ် ဦးအိုင်ဖန်လည်း ဦးခေါင်း၊ လက်နှင့် နဖူးပေါ်တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါသည်။
အဆိုပါအခင်းဖြစ်ပွားခဲ့သည့်နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီးဒဏ်ရာရရှိခဲ့သည့်သူများကိုလည်း ဆေးကုရန် ပို့ဆောင်ပေးခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၅)ရက်နေ့လည်း မော်တောင်ကျေးရွာမှ ဆိုင်ကယ်မောင်းနှင်လာသည့်ဆိုင်ကယ်တစ်စီးသည် လမ်းမကြီးတွင်ကွေ့နေသည့် အိမ်စီးကားတစ်စီးကို အရှိန်မထိန်းနိုင်၍ ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

မှတ်ချက်များ