1602

တအာင်းပြည်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၂)ဦနှင့် အမျိုးသား (၄)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း
10 November 2025

တအာင်းပြည်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၂)ဦနှင့် အမျိုးသား (၄)ဦး ဖမ်းဆီးရမိ

ကွက်ခိုင်၊ နိုဝင်ဘာလ ၁၀ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ ကွက်ခိုင်နှင့် မန်တုံမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၄)ဦး ဖမ်းဆီးရမိခဲ့သည်။

မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၉)ရက်နေ့တွင် ကွက်ခိုင်မြို့အတွင်း ရှောင်တခင်လှည့်လည်စစ်ဆေးနေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၆၈)နှစ်အရွယ် ဒေါ်အာဏာ၊ အသက် (၆၆)နှစ်အရွယ် ဒေါ်အီဆေး၊ အသက် (၃၀)နှစ်အရွယ် ဦးရဲလင်းထွန်း၊ အသက် (၂၆)နှစ်အရွယ် မောင်မျိုးမင်းဇော်နှင့် အသက် (၂၅)နှစ်အရွယ် မောင်ရန်ကျန်တက်တို့ကို ဖမ်းဆီးရမိခဲ့သည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ (၅)ရက်နေ့ ည (၈း၃၀)နာရီအချိန်တွင်လည်း မန်တုံမြို့နယ်၊ မန်ဖာကျေးရွာတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ​ရှောင်တခင်စစ်ဆေးနေစဥ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၅၄)နှစ်အရွယ် ဦးနိုင်မန်ကို ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါ တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် နိုင်ဝင်ဘာ (၅)ရက်နေ့လည်း မိုင်းလုံမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦး ဖမ်းဆီးရမိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: တအာင်းပြည်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၂)ဦနှင့် အမျိုးသား (၄)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်