မိုးကုတ်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၃)ဦး ဖမ်းဆီးရမိ
မိုးကုတ်၊ အောက်တိုဘာလ ၂၈ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၃)ဦး ဖမ်းဆီးရမိခဲ့သည်။
မြို့နယ်ရဲတပ်ဖွဲ့သည် အောက်တိုဘာလ (၂၁)ရက်နေ့တွင် အသက် (၅၂)နှစ်အရွယ် ဦးကံမြင့်ထံ ဘိန်းဖြူဆပ်ပြာခွက် (၁)ဗူးနှင့် ယာမဆေးပြား (၅၅)ပြားတို့ကို ဖမ်းဆီးရမိခဲ့သည်။


ထိုအပြင် ပြီးခဲ့သည့် အောက်တိုဘာ (၂၄)ရက်နေ့လည်း စစ်ဆေးရေးဂိတ်တွင် ရှောင်တခင်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၄၈)နှစ်အရွယ် ဦးမောင်မြင့်နှင့် အသက် (၅၈)နှစ်အရွယ် ဦးကြည်ဝင်းတို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ မိုးကုတ်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ (၇)ရက်နေ့လည်း စစ်ဆေးရေးဂိတ်တွင် ရှောင်တခင်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် အမျိုးးသမီး (၁)ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

မှတ်ချက်များ