1567

ကွတ်ခိုင်မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ တရားမဝင်ကျောက်သယ်ဆောင်သည့် အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း
26 October 2025

ကွတ်ခိုင်မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ တရားမဝင်ကျောက်သယ်ဆောင်သည့် အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ

ကွတ်ခိုင်၊ အောက်တိုဘာ ၂၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ တရားမဝင်ကျောက် သယ်ဆောင်သည့် အမျိုးသားနှစ်ဦး ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည့် အောက်တိုဘာ (၂၂)ရက် နံနက် (၆း၀၀)နာရီအချိန်တွင် အသက် (၂၃)နှစ်အရွယ် ကိုနိုင်လင်းဦးနှင့် အသက် (၂၉)နှစ်အရွယ် ကိုခင်မောင်ထွန်းဆိုသူနှစ်ဦးသည် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မန်ပန်ကျေးရွာရှိ စစ်ဆေးရေးဂိတ်ရောက်နေစဥ်ချိန်တွင် ဖမ်းဆီးရမိခဲ့သည်။

၎င်းအမျိုးသား (၂)ဦး ကားနှင့်သယ်ဆောင်လာသည့်ကျောက်စိမ်း (၁၄)ထုပ်နှင့် လက်ကောက်ကွင်း (၁၉၉)ထုပ်နှင့်အတူ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၂)ရက်တွင်လည်း မိုင်းလုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှမူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: ကွတ်ခိုင်မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ တရားမဝင်ကျောက်သယ်ဆောင်သည့် အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်