1566

နမ့်ဖလွန်း‌ကျေးရွာတွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း
26 October 2025

နမ့်ဖလွန်း‌ကျေးရွာတွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

နမ့်ဖတ်ကာ၊ အောက်တိုဘာ ၂၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊  နမ့်ဖတ်ကာမြို့နယ် နမ့်ဖလွန်းကျေးရွာတွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဥ်တွင်ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ရက်  နံနက်(၁၀း၀၀)နာရီအချိန်တွင် မန္တလေးမှ မူဆယ်သို့ သွားနေစဥ် နမ့်ဖလွန်းကျေးရွာရှိ အန္တရာယ်ကုန်းအဆင်းရောက်နေချိန် ဘရိတ်မမိသောကြောင့် တိမ်းမှောက်သွားခဲ့သည်။

ထိုယာဥ်အတွင်းတွင် ဆန်အိတ် (၁၄၈)အိတ်နှင့် ကြက်သွန်နီ (၁၀၀)အိတ် တင်ဆောင်ထားပြီး ကားအတွင်း လိုက်ပါစီးနှင်းလာသည့် ဦးအောင်ဇော်ဆိုသူ၏ နဖူးတွင် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ထိုအခင်းဖြစ်ပွားသည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တာဝန်ရှိသူမှ သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းအမျိုးသားကိုလည်း ဆေးကုသရန် ပို့ဆောင်ပေးခဲ့ပါသည်။

ပြီးခဲ့သည့်အောက်တိုဘာ (၁၉)ရက်တွင်လည်း နမ့်ခမ်းမြို့နယ် (၁၃)မိုင်ကျေးရွာတွင် ကုန်တင်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်မောင်းဖြစ်သူမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: နမ့်ဖလွန်း‌ကျေးရွာတွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်