ကွတ်ခိုင်မြို့တွင် PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံနွေးဆွေးပွဲပြုလုပ်
ကွတ်ခိုင်၊ အောက်တိုဘာလ ၁၈ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် အောက်တိုဘာ (၁၅)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မိဘပြည်သူလူထုများ ပူပေါင်းဆောင်ရွက်ရန်၊ မြို့နှင့် ကျေးရွာအတွင်း သာယာလှပစေရန် သန့်ရှင်းရေးပြုလုပ်ရန်စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
ထိုနောက် ဆွေးနွေးပွဲကိုတက်ရောက်လာကြသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ၎င်းတို့၏ ဆောင်ရွက်ချက်များကို တင်ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
၎င်းတွေ့ဆုံပွဲကို ကွတ်ခိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအပါအဝင် စုစုပေါင်းလူဦးရေ (၃၅)ဦး တက်ရောက်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ (၂၃)ရက်နေ့လည်း ကွတ်ခိုင်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ရပ်ကွက်အုပ်ချုပ်မှူးများတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ