မိုင်းလုံနှင့် မိုင်းယော်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦး ဖမ်းဆီးရမိ
မိုင်းလုံ၊ အောက်တိုဘာ ၁၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မိုင်းလုံနှင့် မိုင်းယော်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၃)ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။
မိုင်းလုံမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် အောက်တိုဘာ (၁၄)ရက်နေ့ နေ့လယ် (၃း၀၀)နာရီအချိန်၌ ရှောင်တခင်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးရောင်ဝယ်သူ အသက် (၅၂)နှစ်အရွယ် ဦးအောင်မြိုင်နှင့် အသက် (၃၅)နှစ်အရွယ် ဦးထွန်းရင်တို့ထံ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် (၂)ခွက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ထိုအပြင် မိုင်းယော်မြို့နယ်လည်း ပြီးခဲ့သည့် အောက်တိုဘာလ (၃)ရက်နေ့၌ စစ်ဆေးရေးဂိတ်တွင် ရှောင်တခင်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၃၈)နှစ်အရွယ် ဦးအအောင်ထံ ယာမဆေးပြား (၁၁၈)ပြားနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
၎င်းတိုကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲမှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ (၇)ရက်နေ့လည်း မိုးကုတ်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ