မိုးကုတ်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးဖမ်းဆီးရမိ
မိုးကုတ်၊ အောက်တိုဘာ ၁၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦး ဖမ်းဆီးရမိခဲ့သည်။
မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာ (၇)ရက်နေ့၌ စစ်ဆေးရေးဂိတ်တွင် ရှောင်စခင်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၃၄)နှစ်အရွယ် ဦးစိုးသူရနှင့် အသက် (၃၃)နှစ်အရွယ် ဒေါ်သူဇာဝင်းတို့ထံ ယာမ(သေး) (၂၁)ထုတ်၊ ယာမဆေးပြား (၂၀)ပြား၊ ဘိန်းဖြူထည့်ထားသည့်အချိုရည်ပိုက် (၁၀)ပိုက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတိုကို တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
မိုင်းဝီးမြို့တွင် ပြီးခဲ့သည့် တစ်ပတ်အတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး (၃)ဦးနှင့် သုံးစွဲသူ (၁၄)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ