1506

မိုင်းလုံမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄)အိမ် ထိခိုက်ပျက်စီး

ဒေသတွင်းသတင်း
12 October 2025

မိုင်းလုံမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄)အိမ် ထိခိုက်ပျက်စီး

မိုင်းလုံ၊ အောက်တိုဘာ ၁၂ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊မိုင်းလုံမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄)အိမ် ထိခိုက်ပျက်စီးသွားခဲ့သည်။

ယနေ့ ညနေ (၅း၀၈)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ လည်ကြီးကျေးရွာကို ပေါင် (၂၅၀)ဗုံး(၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

ထိုအတူ (၅း၁၁)နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သော ပေါင် (၂၅၀)ဗုံး(၂)လုံးသည် ပစီးကျေးရွာအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီးပြည်သူလူထုနေအိမ်(၄)အိမ် ထိခိုက်ပျက်စီးသွားခဲ့သည်။



အလားတူ အောက်တိုဘာ (၁၁)ရက်တွင်လည်း စစ်ကောင်စီတပ်မှ တော့ဆန်ရွာမကျေးရွာကို ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူလူထု နေအိမ် (၂) အိမ်နှင့် ဘုန်ကြီးကျောင်းရှိ ဇရပ်ထိခိုက်ပျက်စီးသွားခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။



စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေလျက်ရှိပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းလုံမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄)အိမ် ထိခိုက်ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်