မိုင်းဝီးမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး (၃)ဦးနှင့် သုံးစွဲသူ(၁၄)ဦး ဖမ်းဆီးရမိ
မိုင်းဝီး၊ အောက်တိုဘာ ၁၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်တွင် PSLF/TNLA မြို့နယ်ရဲ့တပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး(၃)ဦနှင့် သုံးစွဲသူ (၁၄)ဦးဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးရောင်းဝယ်သူများတွင် မြို့နယ်ရဲ့တပ်ဖွဲ့မှ ပြီးခဲ့သည့် အောက်တိုဘာလ (၁)ရက်နေ့တွင် အသက် (၃၈)နှစ်အရွယ်ရှိ ဒေါ်အီဆာထံ စိတ်ကြွဆေးပြား (၂)ထုပ်၊ အသက် (၃၀)နှစ်အရွယ်ရှိ ဒေါ်အမ်နွန် (၂၀၈)ပြားနှင့် အသက် (၃၂) နှစ်အရွယ် ဒေါ်အီခါဝ် (၈၅)ပြားတို့အတူ ဖမ်းဆီးရမိခဲ့သည်။
အလားတူ သုံးစွဲသူများတွင် အသက် (၄၈)နှစ် ဦးလောက်ဝူး၊ အသက် (၃၀)နှစ် ဦးနိုင်နွတ်၊ အသက် (၄၇)နှစ်အရွယ်ရှိ ဦးကူန်ယေကာ၊ အသက် (၃၂)အရွယ် ဦးငိုစီ၊ အသက် (၄၀)နှစ် ဦးထက်ညီအောင်၊ အသက် (၃၀)နှစ် ဦးနိုင်စီ၊ အသက်( ၃၃)နှစ် ဦးနိုင်ဂတ်၊ အသက် (၄၂)နှစ် ဦးကျော်စိန်၊ အသက် (၄၆)နှစ် ဦးမာဂန်၊ အသက် (၄၆)နှစ် ဦးညမ်းအောင်၊ အသက် (၆၀)နှစ် ဒေါ်ယေကံ၊ အသက် (၄၈)နှစ် ဒေါ်အိုက်ငုံကျန်၊ အသက် (၃၈)နှစ်အရွယ် ဒေါ်အိုင်အီနှင့် အသက် (၄၅)နှစ်အရွယ် ဒေါ်အမ်ခေါင်တို့ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။
ထိုနောက် ၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ရောင်းဝယ်သူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့် စာရိတ္တပြုပြင်ရေးစခန်းသို့ ပို့ဆောင်ပြုပြင်သွားမည်ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ သီပေါ၊ နမ့်ခမ်းနှင့် မူဆယ်၊ မိုင်းလုံ၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆)ဦးနှင့် သုံးစွဲသူ (၄၃)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ