1493

စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
08 October 2025

စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ်ရှိ   နမ့်မန်းတံတားအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့

ကျောက်မဲ၊ အောက်တိုဘာ ၈ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊‌ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားအား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး(၂)လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် တံတားထိမှန်ပျက်စီးသွားခဲ့သည်။

စစ်ကောင်စီတပ်သည်  ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို ၁၀၂၇စစ်ဆင်းရေးအပိုင်း(၂)တွင် ပထမအကြိမ်မိုင်းခွဲဖျက်စီးခဲ့သည်။ ယခုတွင် ဒုတိယအကြိမ်ဖြစ် လေကြောင်းအသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ၎င်းတံတားအား ပျက်စီးသွားခဲ့သည်။

အလားတူ ယနေ့နံနက်(၁၁း၀၅)အချိန်တွင် မိုင်းငေါ့မြို့ မန်လုံရပ်ကွက်  စစ်ကောင်စီတပ်မှ ပေါင်(၂၅၀) ဗုံး (၂)လုံး၊ စျေးရပ်ကွက်တွင် လက်နက်ကြီး(၂)လုံး၊ တာလုံရပ်ကွက် လက်နက်ကြီး(၂) လုံး ကြဲချတိုက်ခိုက်ခဲ့ရာမှ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦး သေဆုံးပြီး (၂)ဦး ထိမှန်ဒဏ်ရာရခဲ့သည်။ ထိုအပြင် ပြည်သူလူထုနေအိမ် (၈) အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။
                                                                                   
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းဖြင့်  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်