မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်မှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦး သေဆုံးပြီး (၂)ဦးဒဏ်ရာရ
မိုင်းငေါ့၊ အောက်တိုဘာ ၈ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၁)နယ်မြေ၊မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး(၂)လုံးနှင့် ရော့ကဒ် ဗုံး (၄)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးနှင့် အမျိုး သမီး (၁)ဦး သေဆုံးပြီး (၂)ဦး ထိမှန်ဒဏ်
ရာရခဲ့သည်။
ယနေ့ နံနက်(၁၁း၀၅)အချိန်တွင် မိုင်းငေါ့မြို့ မန်လုံရပ်ကွက် ရဲစခန်းရှေ့ကို စစ်ကောင်စီတပ်မှ ပေါင်(၂၅၀) ဗုံး (၂)လုံး၊ စျေးရပ်ကွက်တွင် ရော့ကဒ် ဗုံး(၂)လုံး၊ တာလုံရပ်ကွက် ရော့ကဒ် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ရာမှ အသက်(၅၀)နှစ်အရွယ်ရှိ ဒေါ်လှရီ၊ အသက် (၅၆)နှစ်အရွယ် ဦးရွှေဟုန်း ထိမှန်သေဆုံးခဲ့ပြီး အသက် (၁၈) နှစ်အရွယ်ရှိ မထွေးထွေးအောင်နှင့် အသက် (၅၀)နှစ်အရွယ် ဦးတင်မောင်အေးတို့ကို ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် ပြည်သူလူထုနေအိမ် (၈) အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။
အလားတူ စစ်ကောင်စီတပ်သည် ယမန်နေ့ နေ့လယ်(၁၂း၃၀)နာရီအချိန်၌ မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ဦးအပါအဝင် ပြည်သူလူ (၁၀)ဦးသေဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် (၆)အိမ်လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ