1484

မန်ဟုန်း‌ကျေးရွာတွင် စစ်ကောင်စီတပ်မှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်(၁)ဦးအပါအ၀င် ပြည်သူလူထု(၁၀)ဦးသေဆုံးပြီး(၃)ဦးဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
07 October 2025

မန်ဟုန်း‌ကျေးရွာတွင် စစ်ကောင်စီတပ်မှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်(၁)ဦးအပါအ၀င် ပြည်သူလူထု(၁၀)ဦးသေဆုံးပြီး(၃)ဦးဒဏ်ရာရ


မိုင်းလုံ၊ အောက်တိုဘာ ၇ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၁)နယ်မြေ၊မိုင်းလုံမြို့နယ်၊မန်ဟုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်(၁)ဦးအပါအ၀င် ပြည်သူလူထု(၁၀)ဦးသေဆုံးခဲ့ပြီး (၃)ဦး ထိမှန်ဒဏ်ရာရခဲ့သည်။


ယနေ့ နေ့လယ်(၁၂း၃၀)အချိန်တွင် မန်ဟုန်ကျေးရွာကို စစ်ကောင်စီတပ်မှ ပေါင် (၂၅၀) ဗုံး (၂)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ရာမှ အသက်(၃၇)နှစ်အရွယ် ဦးအိုက်ဆန်ကြာ၊ အသက်(၃၅)နှစ်အရွယ် ဦးစံပွင့်၊ အသက်(၂၉)နှစ်အရွယ် ဦးစိုင်းအောင်ဆာ၊ အသက်(၂၇)နှစ်အရွယ် ဦးအိုက်ထက်၊ အသက်(၄၅)နှစ်အရွယ် ဒေါ်အုန်းခင်၊ အသက်(၂၅)နှစ်အရွယ် ဒေါ်လှစိန်၊ အသက်(၃၉)နှစ်အရွယ် ဒေါ်အေးမေ၊  အသက်(၂၉)နှစ်အရွယ် ဒေါ်ခင်ပ၊ အသက်(၂၂)နှစ်အရွယ် ဒေါ်အေးတိတ်နှင့် အသက်(၂)နှစ်အရွယ် မောင်အိုက်ဦးတို့ ထိမှန်သေဆုံးခဲ့ပြီး ပြည်သူလူထု(၃)ဦးထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။  ထိုအပြင် ပြည်သူလူထုနေအိမ် (၆) အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။ 


အလားတူ စစ်ကောင်စီတပ်သည် ယနေ့ နံနက်(၇း၃၃)နာရီအချိန်၌ နမ္မတူမြို့နယ် ရက်ကွက်(၈) ‌ပုဗ္ဗာရုံဘုန်းကြီး‌ကျောင်းကိုပြည်သူလူထုများတည်ရှိရာကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာ ပေါင်(၅၀၀)ဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်း‌ဆောင်ပျက်စီးသွားခဲ့သည်။


                                                                                                                       

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန 




Topics: မန်ဟုန်း‌ကျေးရွာတွင် စစ်ကောင်စီတပ်မှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်(၁)ဦးအပါအ၀င် ပြည်သူလူထု(၁၀)ဦးသေဆုံးပြီး(၃)ဦးဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်