နမ္မတူမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ပုဗ္ဗာရုံဘုန်းကြီးကျောင်းအတွင်းရှိသည့် ကျောင်းဆောင် (၄)လုံး ထိမှန်ပျက်စီး
နမ္မတူ၊ အောက်တိုဘာ ၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၈)နယ်မြေ၊ နမ္မတူမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ထပ်မံပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်များ ထိမှန်ပျက်စီးခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ယနေ့ နံနက်(၇း၃၃)နာရီအချိန်၌ နမ္မတူမြို့နယ် ရက်ကွက်(၈) ပုဗ္ဗာရုံဘုန်းကြီးကျောင်းတွင် ပြည်သူလူထုများတည်ရှိရာသို့ ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းအတွင်းရှိသည့် ကျောင်းဆောင်(၄)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။
အလားတူ ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ကလည်း နမ္မတူမြို့ မြို့မဈေးရပ် ရက်ကွက်(၂)ကို ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်(၆)အိမ် ထိမှန်ပျက်စီးခဲ့ပါသည်။ အလားတူ သီပေါမြို့ မြို့တွင်းရှိ မိုက်ခရိုဝေ့ပ် ဆက်သွယ်ရေးထဲတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၁)ဦး အပါအဝင်(၃)ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ