သီပေါမြို့ ဇတ်စုရပ်ကွက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးထပ်မံလာရောက်ကြဲကျတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၁၃)လုံးပျက်စီး
သီပေါ၊ အောက်တိုဘာ ၅ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့ ဇတ်စုရပ်ကွက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးထပ်မံလာရောက်ကြဲချမှုကြောင့် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၁၃)လုံးပျက်စီးသွားခဲ့ပါသည်။
ယမန်နေ့ အောက်တိုဘာ (၄)ရက်နေ့ ညနေ (၈း၃၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ပေါင် (၂၅၀)ဗုံး (၄)လုံးနှင့် သီပေါမြို့ ဇတ်စုရပ်ကွက် (၁)လုံး၊ အ.ထ.က (၂) စာသင်ကျောင်း (၁)လုံးနှင့် ကျောင်းစုရွာ ဘဏ္ဍကျောင်း (၂) လုံး ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
ဗုံးကြဲချတိုက်ခိုက်မှုကြောင့် စာသင် ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁)ကျောင်းအပါအဝင် နေအိမ် (၁၃)လုံးပျက်စီးခဲ့သည်။
ထိုအပြင် အောက်တိုဘာ (၄)ရက်နေ့ တစ်ရက်အတွင်းတွင် စစ်ကောင်စီတပ်မှ သီပေါမြို့ မန်ဟဲရွာ၊အုံမုရွာ၊ ကျင်သီကျေးရွာနှင့် ဇတ်စုရပ်ကွက်တို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်သည် အောက်တိုဘာ (၄)ရက်နေ့ တစ်ရက်အတွင်း ပြည်သူလူထုကို ဦးတည်ကာ ဂျက်ဖိုက်တာနှင့် ဗုံး(၄)ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်။
အလားတူ နေ့လည်(၁၂:၂၈)မိနစ်တွင်လည်း နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး (၂)လုံးလာရောက်ကျဲချမှုကြောင့် ကလေးငယ်(၂)ဦးသေဆုံးပြီး (၉)ဦးထိမှန်ဒါဏ်ရာရရှိခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ