1470

နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၂)ဦးသေဆုံး၊ ကလေး (၆)ဦးအပါအဝင် (၉)ဦးထိမှန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
04 October 2025

နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၂)ဦးသေဆုံး၊ ကလေး (၆)ဦးအပါအဝင် (၉)ဦးထိမှန်ဒဏ်ရာရ


နမ့်ဆန်၊ အောက်တိုဘာ ၄ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၉)နယ်မြေ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၂)ဦးသေဆုံးပြီး ကလေး(၆)ဦးအပါအဝင် (၉)ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။


ယနေ့ နေ့လယ်ပိုင်း (၁၂း၂၈)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၂)လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အသက် (၁၀)နှစ်အရွယ် မောင်ဇေယျာအောင် နှင့် အသက် (၁၃)နှစ်အရွယ် မောင်ထွန်းမျိုးအောင် ထိမှန်သေဆုံးသွားပြီး အသက် (၁၀)နှစ်အရွယ် မမြတ်ဝန်းချယ်၊ အသက်(၁၂)နှစ် မခင်ယုမေ၊ အသက် (၉)နှစ်အရွယ် မသန္တာစိုး၊ အသက်(၁၂)နှစ်အရွယ် မခင်လှပြည့်နှင်း၊ အသက် (၁၃)နှစ်အရွယ် မထွေးရီ၊ အသက် (၁၄)နှစ်အရွယ် မောင်ခန့်သူရိုန်မင်း နှင့် အသက် (၄၀)နှစ်အရွယ် ဦးတောင်တန်း၊ အသက် (၆၀)နှစ်အရွယ် ဦးဖိုးရှမ်း နှင့် အသက် (၆၀)နှစ်အရွယ် ဦးပန်ကျန်းတို့ ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် ပြည်သူလူထုနေအိမ် (၁၆) အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။


အလားတူ ယနေ့ (၁)ရက်တွင်လည် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် သီပေါမြို့နယ်ရှိ မန်ဟဲကျေးရွာတွင် (၁)ကြိမ် နှင့် အုံမုကျေးရွာတွင် (၁)ကြိမ် ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ 


အောက်တိုဘာလ (၂)ရက်နေ့တွင်လည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာ ကုမုဒြာဟိုတယ်တွင် ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ ပေါင် (၅၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့်  အဆောက်အဦး (၁)ခု ထိခိုက်ပျက်စီးသွားခဲ့ပါသည်။ 


ထိုအပြင် အောက်တိုဘာလ (၂)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နမ္မတူမြို့တွင်းတွင် ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု(၃)ဦးသေဆုံးပြီး (၆)ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၈)အိမ်လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲတို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန



Topics: နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၂)ဦးသေဆုံး၊ ကလေး (၆)ဦးအပါအဝင် (၉)ဦးထိမှန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်