ကွတ်ခိုင်မြို့တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရ
ကွတ်ခိုင်၊ အောက်တိုဘာ ၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈)တွင် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂)ရက်နေ့ ညနေ (၃း၀၀)နာရီအချိန်၌ အသက် (၈)နှစ်အရွယ် မရွှေငြိမ်းသည် ရပ်ကွက်(၈)အတွင်းရှိ စာသင်ပြီး ကျောင်းအပြန် ဂေါက်ကွင်းလမ်းခုလတ်တွင် ရောက်နေချိန် အမျိုးသားတစ်ဦးသည် ၎င်းကို ချုံအတွင်း ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ကာ မရွှေငြိမ်းကို သတ်လိုက်သည်။
အဆိုပါ မရွှေငြိမ်း၏ လည်ပင်တွင် ဓားဖြင့် ခုတ်သည့် ဒဏ်ရာတစ်ချက်ဖြင့် ဂေါက်ကွင်းအနီးက ချုံထဲတွင် အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအခင်းဖြစ်ပွားသည့်နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံကိုလည်း အရေးယူနိုင်ရန် ဆက်လက်ရှာဖွေစုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ (၁၈)ရက်တွင်လည်း နမ့်ဆန်မြို့နယ်တွင် အသက် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးကို အစ်ကိုဝမ်းကွဲတော်စပ်သူတစ်ဦးမှ အဓမ္မပြုကျင့်ခဲ့သည့် အမှုတစ်ခုဖြစ်ပွားခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ