1467

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ ထပ်မံလာရောက်ကြဲကျတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
04 October 2025

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ ထပ်မံလာရောက်ကြဲကျတိုက်ခိုက်


သီပေါ၊ အောက်တိုဘာလ ၄ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ် မန်ဟဲကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။


ယနေ့ နံနက် (၇း၄၉) နာရီအချိန်တွင်  မန်ဟဲကျေးရွာရှိ စစ်ကောင်စီတပ်ရဲစခန်းဟောင်းအတွင်းတွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။


အလားတူ အောက်တိုဘာလ (၂)ရက်နေ့တွင်လည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာ ကုမုဒြာဟိုတယ်တွင် ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ ပေါင် (၅၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့်  အဆောက်အဦး (၁)ခု ထိခိုက်ပျက်စီးသွားခဲ့ပါသည်။ 


ထိုအပြင် အောက်တိုဘာလ (၂)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နမ္မတူမြို့တွင်းတွင် ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု(၃)ဦးသေဆုံးပြီး (၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၈)အိမ်လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ ထပ်မံလာရောက်ကြဲကျတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်