1446

ကျောက်မဲမြို့အတွင်း စစ်ကောင်စီတပ်မှ မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာရုံးတချို့ မီးလောင်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
01 October 2025

ကျောက်မဲမြို့အတွင်း စစ်ကောင်စီတပ်မှ မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာရုံးတချို့ မီးလောင်မှုဖြစ်ပွား


ကျောက်မဲ၊ အောက်တိုဘာ ၁ရက်


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့အတွင်း ယမန်နေ့ စက်တင်ဘာ (၃၀)ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် မီးလောင်ဗုံးများကြဲချတိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာရုံးတချို့ မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ 


စစ်ကောင်စီတပ်သည် ကျောက်မဲမြို့ပေါ်ကို လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးများကြဲချပစ်ခတ်တိုက်ခိုက်သည့်အပြင် ယခုချိန်တွင် မီးလောင်ဗုံးများကို အသုံးပြုတိုက်ခိုက်မှုကြောင့် မြို့တွင်းရှိ နေရာတချို့များ၊  မီးသတ်ရုံး၊ သစ်တောရုံးနှင့် ရဲစခန်းတို့ မီးလောင်ခြင်းဖြစ်ပွားခဲ့သည်။ 


စစ်ကောင်စီတပ်သည် ကျောက်မဲမြို့နယ်ကို သာလွန်အင်အားဖြင့်သော်လည်းကောင်း၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနှင့် အဆိပ်ငွေ့ဗုံးများကို အသုံးပြုပြီး ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေသော‌ကြောင့် မိဘပြည်သူလူထုများက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း‌ရှောင်နေကြရပါသည်။ 


ထိုအပြင် ယမန်နေ့လည်း စစ်ကောင်စီတပ်နှင့် မိမိတို့တအာင်းတပ်မတော်တို့သည် ကျောက်မဲမြို့အနီး     ပင်တီးကျေးရွာတွင်သော်လည်းကောင်း၊ နောင်ချိုမြို့နယ် ဘန်ကာချောင်းအနီးတွင်သော်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်လက်ပြင်ထန်နေလျက်ရှိပါသည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန





Topics: ကျောက်မဲမြို့အတွင်း စစ်ကောင်စီတပ်မှ မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာရုံးတချို့ မီးလောင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်