1441

မိုးကုတ်နှင့် မိုင်းလုံမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်‌ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၁)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
30 September 2025

မိုးကုတ်နှင့် မိုင်းလုံမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်‌ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၁)ဦး ဖမ်းဆီးရမိ


မိုးကုတ်၊ စက်တင်ဘာ ၃၀ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ မိုးကုတ်နှင့် မိုင်းလုံမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၁)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။


မိုးကုတ်မြို့နယ်၊ ပန်မထိပ်ကျေးရွာတွင် မြို့နယ်ရဲတပ်ဖွဲ့မှ စက်တင်ဘာ (၂၈)ရက်နေ့၌ ရှောင်တခင်စစ်ဆေးမှုပြုလုပ်ဆောင်ရွက်စဥ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၃၀)နှစ်အရွယ် ဦးအိုက်ကျော်ထံ ဘိန်းဖြူဆပ်ပြာခွက် (၂)ခွက်၊ ဘိန်းဖြူထည့်ထားသည့် အချိုရည်ဗူးတစ်ဝက်၊ ယာမဆေးပြား (၅၀၄)ပြားနှင့် ဖုန်း (၁)လုံးနှင့်အတူ သိမ်းဆည်းရမိခဲ့ပါသည်။


အလားတူ မိုင်းလုံမြို့နယ်လည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့များမှ ရှောင်တခင်စစ်ဆေးမှုဆောင်ရွက်နေချိန် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၄၀)နှစ်အရွယ် ဦးပေါလုကို ဖမ်းဆီးရမိခဲ့သည်။ 


၎င်းတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်သွားဖြစ်ပါသည်။


ပြီးခဲ့သည့် စက်တင်ဘာ (၂၀)ရက်နေ့လည်း မိုးမိတ်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁)ဦးကို ဖမ်းဆီးရမိခဲ့သည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန




Topics: မိုးကုတ်နှင့် မိုင်းလုံမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်‌ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၁)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်