1434

နမ့်ဆော့ကျေးရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
29 September 2025

နမ့်ဆော့ကျေးရွာတွင် စစ်ကောင်စီတပ်၏  လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရ


ကျောက်မဲ၊ စက်တင်ဘာ ၂၉ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ 


စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာ (၂၇)ရက်နေ့ နေ့လယ်(၂း၃၀)နာရီအချိန်၌ နမ့်ဆော့ကျေးရွာရှိ ပြည်သူလူထုများ တည်ရှိရာကို ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၁)လုံးနှင့် လက်နက်ကြီး (၆)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား (၁)ဦး၏ ညာခြေကို ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုများ စိုက်ပျိုးထားသည့် ပြောင်းဖူးခင်းများလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။ 


အလားတူ မိုင်းလုံမြို့နယ်၊ ပန်သပြေကျေးရွာတွင်လည်း စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ် (၂၀)အိမ် ထိမှန်ပျက်စီးသွားခဲ့ပါသည်။ 


ထိုကြောင့်မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန




Topics: နမ့်ဆော့ကျေးရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်