မိုးမိတ်နှင့် မိုင်းလုံမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၂)ဦး ဖမ်းဆီးရမိ
မိုးမိတ်၊ စက်တင်ဘာ ၂၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မိုးမိတ်နှင့် မိုင်းလုံမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၂)ဦးကို ဖမ်းဆီးရမိခဲ့သည်။
မိုးမိတ်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၀)ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်ဆောင်ရွက်စဥ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၃၂)နှစ်အရွယ် ဦးထက်နိုင်ဦးထံ ယာမဆေးပြား (၂၀)ပြားနှင့်အတူ (Oppo)ဖုန်း (၁)လုံး သိမ်းဆည်းရမိခဲ့ပါသည်။
ထိုအပြင် မိုင်းလုံမြို့နယ်လည်း ပြီးခဲ့သည့် စက်တင်ဘာလ (၂၄)ရက်နေ့တွင် ရှောင်တခင်စစ်ဆေးမှုဆောင်ရွက်နေချိန် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၃၄)နှစ်အရွယ် ဦးသန်းထိုက်စိုးထံ ယာမဆေးပြား (၅)ပြားနှင့်အတူ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲမှ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ မန်တုံမြို့နယ်တွင် ယခင်လအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် သုံးစွဲသူ (၆)ဦး ဖမ်းဆီးနိုင်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ