1421

တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန်ကောင်းကျေးရွာတွင် မွှေးထားသည့်မီးမှတစ်ဆင့် ဘုန်းကြီးကျောင်းအတွင်းရှိ ဇရပ်မီးလောင်မှုဖြစ်ပွားသွားခဲ့သည်။

ဒေသတွင်းသတင်း / ဒေသတွင်း
26 September 2025

မန်ကောင်းကျေးရွာတွင် မွှေးထားသည့်မီးမှတစ်ဆင့် ဘုန်းကြီးကျောင်းအတွင်းရှိ ဇရပ်မီးလောင်မှုဖြစ်ပွား


နမ့်ခမ်း၊ စက်တင်ဘာ ၂၆ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန်ကောင်းကျေးရွာတွင် မွှေးထားသည့်မီးမှတစ်ဆင့် ဘုန်းကြီးကျောင်းအတွင်းရှိ ဇရပ်မီးလောင်မှုဖြစ်ပွားသွားခဲ့သည်။


ဖြစ်စဉ်တွင် စက်တင်ဘာ (၂၁)ရက်နေ့၌ ဘုန်းကြီးကျောင်းရှိ ဇရပ်တွင် မွှေးထားသည့်မီးသည် ကောင်းမွန်စွာ မငြိမ်းသတ်လိုက်သောကြောင့် ပြီးခဲ့သည့် စက်တင်ဘာ (၂၃)ရက် ည (၁၁း၀၅)နာရီအချိန်တွင် မီးစတင်လောင်သွားခဲ့သည်။


အဆိုပါ ဇရပ်အတွင်းရှိ ပစ္စည်းများအားလုံး မီးလောင်သွားခဲ့ပြီး စုစုပေါင်း ကျပ်သိန်း (၉၀၀)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့ပါသည်။ ထိုမီးလောင်နေစဉ် ပြည်သူလူထုများ ဝိုင်းဝန်းပြီး နံနက် (၃း၀၀)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။


ပြီးခဲ့သည့် စက်တင်ဘာ (၁၈)ရက်တွင်လည်း ကွတ်ခိုင်ခရိုင်၊ နမ့်ဖတ်ကာမြို့၊ ရပ်ကွက် (၁)နှင့် ရပ်ကွက် (၃)တွင် တစ်ရက်အတွင်း နေအိမ် (၂)အိမ် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန



Topics: တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန်ကောင်းကျေးရွာတွင် မွှေးထားသည့်မီးမှတစ်ဆင့် ဘုန်းကြီးကျောင်းအတွင်းရှိ ဇရပ်မီးလောင်မှုဖြစ်ပွားသွားခဲ့သည်။
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်