ပင်ပေါကျေးရွာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးသေဆုံး၊ အမျိုးသမီး (၂)ဦးထိခိုက်ဒဏ်ရာရ
ကျောက်မဲ၊ စက်တင်ဘာ ၂၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား(၁)ဦးသေဆုံးခဲ့ပြီး အမျိုးသမီး (၂)ဦးထိခိုက်ဒဏ်ရာရခဲ့ပါသည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၃)ရက်နေ့၌ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်ပေါကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ဦးဆန်လွင်သည် ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်နီနီနှင့် သမီးဖြစ်သူ မဆုနဒီလွင်တို့ ထိမှန်ဒဏ်ရာရခဲ့သည်။
အလားတူ ယမန်နေ့လည်း စစ်ကောင်စီတပ်သည် ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာတွင် လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သော ကြောင့် ကျောင်းဆောင်နှင့် ဆွမ်းစားဆောင်တို့ ထိမှန်ပျက်စီးသွားခဲ့ပါသည်။
၎င်းအပြင် နမ့်ဆော့ကျေးရွာကိုလည်း ပေါင် (၂၅၀)ဗုံး (၁)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုများမှ စိုက်ပျိုးထားသောပြောင်းဖူးခြံများ ထိခိုက်ပျက်စီးသွားခဲ့ပါသည်။
ထိုကြောင့်မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ