ကျောက်မဲနှင့် သီပေါမြို့တွင် စစ်ကောင်စီတပ်၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နှင့်သတင်းပေး(ဒလန်)များကို ဖမ်းဆီးရမိခဲ့
ကျောက်မဲ၊ စက်တင်ဘာ ၂၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် သတင်းရယူရန် စစ်ကောင်စီတပ်မှ စေလွှတ်ထားသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နှင့် သတင်းပေး(ဒလန်) (၁၀)ဦးကျော်တို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတို့မှ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်စဥ် ဖမ်းဆီးရမိခဲ့သည်။
လားရှိုးမြို့အတွင်းရှိ စစ်ကောင်စီတပ်မှ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များအတွင်းရှိ TNLA ၏ ဂိတ်နေရာများ၊ ဂိတ်တွင်းရှိ လူအင်အား၊ လက်နက်အင်အားများ၊ ဌာနဆိုင်ရာအင်အားများ၊ တပ်စခန်းနေရာများ၊ လူစုလူဝေးများသည့်နေရာများတွင် သတင်းရယူပြီး လေကြောင်းပစ်ခတ်မှုပြုလုပ်သွားပြီးနောက်တွင် ထိရောက်မှုရှိမရှိကို စုံစမ်းထောက်လှမ်းရယူခဲ့ပါသည်။
ထိုနောက် စစ်ကောင်စီတပ် လွယ်ကူစွာဝင်ရောက်နိုင်မည့် လမ်းနှင့် ထောက်ပို့လမ်းကြောင်းအခြေအနေများကိုလည်း အဓိကထောက်လှမ်းပြီး သတင်းပေးပို့ခဲ့သည်။
၎င်းတို့သည် မြို့အတွင်းသို့ လမ်း လျှောက်သော်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ လိုင်းကားဖြင့်သော်လည်းကောင်း၊ အိမ်ကားသော်လည်းကောင်း၊ သူဌေးယောင်ဆောင်သော်လည်းကောင်း၊ သူတောင်းစားယောင်ဆောင်သော်လည်းကောင်း၊ ခရီးသွားယောင်ဆောင်သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်ပြီး သတင်းများထောင်လှမ်းယူခဲ့ပါသည်။
၎င်းတို့အချင်းချင်း ဆက်သွယ်မှုပြုလုပ်ရာတွင်လည်း လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်နှင့် လူရှင်းသည့်နေရာများတွင် လူချင်တွေ့ပြီး တစ်ဦးနှင့်တစ်ဦးသတင်းပေးပြီး စစ်ကောင်စီတပ်ထံ အွန်းလိုင်းပလက်ဖောင်းဖြစ်သည့် Viber/ Facebook/ Wechat/ Telegram များဖြင့် သတင်းပေးပို့ခဲ့ကြသည်။
ကျောက်မဲနှင့် သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်မှ စေလွှတ်ထားသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စဖရ)များအပြင် စစ်ကောင်စီတပ်ထံသတင်းပေး(ဒလန်)များကိုလည်း ဖမ်းဆီးရမိသည်။
စစ်ကောင်စီသည် တအာင်းပြည်အတွင်းရှိ မြို့နယ်များတွင် စစ်ဘက်ရေးရာလုံခြုံရေးများစွာ စေလွှတ်ထားပြီး အဆိုပါဖမ်းဆီးရမိသူများကိုလည်း လုံခြုံစိတ်ချသည့်နေရာတွင် ကောင်းမွန်စွာထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်ပါက တအာင်းပြည် ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ