မိုးကုတ်မြို့တွင် အမျိုးသားတစ်ဦးသည် ဘိန်းဖြူနှင့်အရက် ရောသောက်မိရာမှ ရှော့ဖြစ်ပြီးသေဆုံး
မိုးကုတ်၊ စက်တင်ဘာ ၂၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင်အုပ်စု၊ အေးစေတီရပ်ကွက်တွင် အမျိုးသားတစ်ဦးသည် ဘိန်းဖြူနှင့်အရက် ရောသောက်မိရာမှ ရှော့ဖြစ်ပြီးသေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။
ယမန်နေ့ (၂၂)ရက်နေ့တွင် အသက် (၄၉)နှစ်အရွယ် ဦးချစ်အုန်း(ခ)အောင်ချစ်သည် အလုပ်နားချိန်တွင် ဘိန်းဖြူနှင့်အရက်ကို ရောစပ်ပြီးသောက်ခဲ့သောကြောင့် ရှော့ဖြစ်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ပါသည်။
သေဆုံးနေသည့်ရုပ်အလောင်းကို ပြည်သူလူထုတစ်ဦးမှ တွေ့ရှိခဲ့ပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့ပါသည်။ အဆိုပါ အခင်းဖြစ်ပွားခဲ့သည့်နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ (၁၉)ရက်နေ့လည်း ကျောက်မဲမြို့တွင် အမျိုးသားတစ်ဦးသည် နေအိမ်အတွင်း မှောက်လျက်ပြီး သေဆုံးနေသည့်ရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ