1407

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
22 September 2025

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်


မိုးကုတ်၊ စက်တင်ဘာ ၂၂ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့နယ်၊ ဘုရားသုံးဆူကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး(၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။


စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ ညနေ(၂း၂၀)နာရီအချိန်၌ ဘုရားသုံးဆူကျေးရွာရှိ ကြက်မွေးမြူးရေးခြံပေါ်တွင် ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။



အလားတူ ပြီးခဲ့သည့် စက်တင်ဘာ (၂၀)ရက်နေ့လည်း စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ်၊ လွယ်အံကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများကို ဦးတည်ပြီးဒရုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့်  ဘုန်းကြီးကျောင်း (၁)ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့သည်။


စစ်ကောင်စီတပ်သည် စက်တင်ဘာလအတွင်း လေကြောင်းဖြင့် ကျောက်မဲမြို့နယ်တွင် (၅)ကြိမ်၊ သီပေါမြို့နယ်တွင် (၁)ကြိမ်၊ မိုးကုတ်မြို့နယ်တွင် (၁)ကြိမ် ဗုံးများလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။


ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၇)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် ကား (၁)စီး  ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင် စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်