ကောင်းတပ်ကျေးရွာတွင် ဝါယာကြိုးရှော့ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
နမ့်ခမ်း၊ စက်တင်ဘာလ ၁၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ဝါယာကြိုးရှော့ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်တွင် ယမန်နေ့ စက်တင်ဘာလ (၁၂)ရက် နံနက် (၁၁း၄၅) နာရီအချိန်၌ ကျောင်းသားများနေထိုင်သည့် (၂)ထပ်ဆောင်နေအိမ်တစ်လုံးသည် လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ပြီး နေအိမ်မီးလောင်သွားခြင်းဖြစ်ပါသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားများနှင့်အတူ ပြည်သူလူထုများက ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် နေ့လယ် (၁၂း၂၇)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။
ထိုနေအိမ်အတွင်းရှိ ပစ္စည်းများအားလုံး မီးလောင်သွားခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး သိန်း (၁၀၀)ခန့် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၈)ရက်နေ့လည်း မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်သည် အမျိုးသား (၄)ဦးမှ ဂတ်အိုးဖြင့် ထမင်းချက်ရာတွင် ပေါက်ကွဲပြီး နေအိမ်မီးလောင်သွားခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ