1380

ပန်လုန်းကျေးရွာတွင် တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
11 September 2025

ပန်လုန်းကျေးရွာတွင် တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီး


မိုင်းငေါ့၊ စက်တင်ဘာလ ၁၁ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းငေါ့မြို့နယ်၊ ပန်လုန်းကျေးရွာကို တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။



အဆိုပါသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် စက်တင်ဘာလ (၈)ရက်နေ့တွင် တအာင်းစာပေအဖွဲ့-TLAမှ ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။


ထိုသင်တန်းတွင် သင်တန်းသား (၁၁)ဦးနှင့် သင်တန်းသူ (၂၁)ဦးစုစုပေါင်း (၃၂)ဦး တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကိုလည်း တအာင်းစာပေအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates) များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ၎င်းသင်တန်းဆင်းပွဲကို သင်တန်းသား/သူများ၊ ဆရာ/မများနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။ 



အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် တအာင်းစာသည် တအာင်းပြည်ကို လွမ်းခြုံနိုင်ရေး၊ တအာင်းလူမျိုးအားလုံး တအာင်းစာများများဖတ်နိုင်ရန်အတွက် စာအုပ်များထုတ်လုပ်နိုင်ရေး၊ တအာင်းပြည်အတွင်း တအာင်းစာသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် တအာင်းလူမျိုးအားလုံး တအာင်းစာများကို ပြောတက်၊ ရေးတက်၊ ဆိုတက်၊ သုံးတက်နိုင်ရန်တို့ ဖြစ်ပါသည်။


ပြီးခဲ့သည့် သြဂုတ်လ (၃၀) ရက်‌နေ့လည်း တအာင်းစာအဖွဲ့-TLAမှ မိုးကုတ်မြို့နယ်၊ ရေပူကျေးရွာတွင် ကျောင်းသား/သူ စုစုပေါင်း (၃၂)ဦးတို့ကို (TOT)ဆရာဖြစ်သင်တန်း အပတ်စဥ် (၅)သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီးဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာ

Topics: ပန်လုန်းကျေးရွာတွင် တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်