1379

မိုင်းယု (၁၀၅)မိုင်တွင် နေအိမ်ကို ဝင်ခိုးရန်ပြုလုပ်နေသည့် သူခိုးများမှ အိမ်ရှင်ကို ဓားဖြင့် ခုတ်လိုက်သောကြောင့် သေဆုံးသွား

ဒေသတွင်းသတင်း / ဒေသတွင်း
11 September 2025

မိုင်းယု (၁၀၅)မိုင်တွင် နေအိမ်ကို ဝင်ခိုးရန်ပြုလုပ်နေသည့် သူခိုးများမှ အိမ်ရှင်ကို ဓားဖြင့် ခုတ်လိုက်သောကြောင့် သေဆုံးသွား


မူဆယ်၊ စက်တင်ဘာလ ၁၁ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅)မိုင်၊ ရပ်ကွက် (၃)ရှိ နေအိမ်တစ်အိမ်ကို ဝင်ခိုးရန်ပြုလုပ်နေသည့် သူခိုးများမှ အိမ်ရှင်ကို ဓားဖြင့် ခုတ်လိုက်သောကြောင့် သေဆုံးသွားခဲ့ပါသည်။ 




ပြီးခဲ့သည့် စက်တင်ဘာလ (၅)ရက်တွင် အသက် (၅၆)နှစ်အရွယ် ဦးမျိုးမင်းထွန်းဆိုသူ၏ နေအိမ်ကို သူခိုးများက ပစ္စည်များဝင်ခိုးရန်ပြုလုပ်ခဲ့ပါသည်။ ထိုနောက် အိမ်ရှင်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့က ဓားဖြင့် ဦးခေါင်းကို ခုတ်သတ်ခဲ့ပါသည်။  


အဆိုပါသေဆုံးနေသည့်ရုပ်အလောင်းကို ဘေးအိမ်ပတ်ဝန်းကျင်မှ စက်တင်ဘာလ (၈)ရက်နေ့တွင် တွေ့ရှိခဲ့ပြီး  ညီနောင်မဟာမိတ် (၃)ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့ပါသည်။ ၎င်းအခင်းဖြစ်ပွားခဲ့သည့်နေရာကို ညီနောင်မဟာမိတ် (၃)ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံများကိုလည်း အရေးယူနိုင်ရန် ဆက်လက်ရှာဖွေစုံစမ်းနေဆဲဖြစ်သည်။ 


ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်နေ့လည်း မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာတွင် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲရာမှ အမျိုးသားတစ်ဦး၏ ဒူးကို ဓားဖြင့်ခုတ်လိုက်သောကြောင့် ဒဏ်ရာရရှိခဲ့ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းယု (၁၀၅)မိုင်တွင် နေအိမ်ကို ဝင်ခိုးရန်ပြုလုပ်နေသည့် သူခိုးများမှ အိမ်ရှင်ကို ဓားဖြင့် ခုတ်လိုက်သောကြောင့် သေဆုံးသွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်