နမ့်ဆန်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၃)ဦး ဖမ်းဆီးရမိ
နမ့်ဆန်၊ စက်တင်ဘာလ ၁၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ နမ့်ဆန်မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၃)ဦးကို ဖမ်းဆီးရမိခဲ့သည်။
မြို့နယ်ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် စက်တင်ဘာ (၉)ရက်နေ့ နံနက် (၁၀း၂၀)အချိန်၌ လီလုတံတားတွင်ရှောင်သခင်စစ်ဆေးနေချိန် အသက် (၃၃)နှစ်အရွယ်ရှိ ဦးကျော်မိုးသူထံ ဘိန်းဖြူထည့်ထားသည့် ဆေးဗူး(သေး) (၁)ဗူး ဖမ်းဆီးရမိခဲ့သည်။
အလားတူ နံနက် (၁၁း၀၀)နာရီအချိန်လည်း အသက် (၂၅)နှစ်အရွယ်ရှိ ဦးသိန်းဆုနှင့် အသက် (၃၃)နှစ်အရွယ် ဦးထွန်းဦးတို့ထံ ဘိန်းဖြူ(ထုပ်ကြီး) (၁)ထုပ်၊ ယာမစိတ်ကြွဆေးပြား (၁၃)ပြား၊ ဘိန်းဖြူထည့်ထားသည့် ဆေးဗူး(သေး) တစ်ဝက်ခန့်၊ Redmi ဖုန်း(၁)နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ထိုနောက် ၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ (၁၄)ရက်နေ့တွင်လည်း နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၁)ဦးကို ဖမ်းဆီးရမိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ