သီပေါမြို့နယ်တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦး ဖမ်းဆီးရမိ
သီပေါ၊ စက်တင်ဘာ ၁၀ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ်တွင် ပလောင်ပြည်နည်လွှတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား(၁)ဦးကို ဖမ်းဆီးရမိခဲ့သည်။
စက်တင်ဘာလ (၇)ရက်နေ့ ည (၁၁း၀၀)နာရီအချိန်တွင် အသက် (၄၀)နှစ်အရွယ်ရှိ ဦးနိုင်ထွန်းဆိုသူသည် ကုန်မှုံကျေးရွာမှ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးရှောင်တခင်စစ်ဆေးနေချိန်၌ ၎င်းလွယ်ထားသည့် အိတ်အတွင်းရှိ ဓာတ်မီးအဖုံးထဲတွင် WY စာတန်းပါစိတ်ကြွဆေးပြား (၁)ထုပ်ရှာဖွေတွေ့ရှိခဲ့ပါသည်။
အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်သွားမည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ