ကွတ်ခိုင်မြို့တွင် ကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသမီး (၃)ဦး ပြင်းထန်ဒဏ်ရာရ
ကွတ်ခိုင်၊ စက်တင်ဘာလ ၁၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈)တွင် ကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသမီး (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၆)ရက် ညနေ (၃း၄၀)နာရီအချိန်၌ လမ်းကြားမှ မောင်းနှင်လာသည့်ဆိုင်ကယ်တစ်စီးသည် လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ကားတစ်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ပါသည်။
ထိုယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်တွင်ပါလာသည့် အသက် (၁၉)နှစ်အရွယ် လွေးလှအေး၊ အသက် (၁၉)နှစ်အရွယ် လွေးအေးချွေနှင့် အသက် (၁၈)နှစ်အရွယ် လွေးသူဇာဝင်းတို့၏ ဦးခေါင်း၊ လက်၊ ခြေထောက်ပေါ်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
အဆိုပါအခင်းဖြစ်ပွားသည့်နေရာကိုလည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး (၃)ဦးကိုလည်း ဆေးကုသရန် ပို့ဆောင်ပေးခဲ့ပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့လည်း ကွတ်ခိုင်မြို့တွင် အမျိုးသား (၂)ဦးသည် ဖုန်းအားသွင်းရန် သွားနေစဥ် ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်သောကြောင့် အုတ်တံတိုင်းကို ဝင်တိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာရှိခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ