ရေပူကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ (TOT)ဆရာဖြစ် အပတ်စဉ်(၅) သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့
မိုးကုတ်၊ စက်တင်ဘာ ၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့နယ်၊ ရေပူကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ (TOT)ဆရာဖြစ် အပတ်စဉ်(၅) သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲကို ဩဂုတ်လ (၃၀)ရက် နံနက်ပိုင်းအချိန်တွင် တအာင်းစာအဖွဲ့-TLAမှ ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့သည်။
၎င်းသင်တန်းကို သင်တန်းသား (၈)ဦးနှင့် သင်တန်းသူ (၂၄)ဦး စုစုပေါင်း (၃၂)ဦးတို့ တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကို တအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထိုသင်တန်းဆင်းပွဲကို ဆရာ/မများနှင့် မိဘပြည်သူလူထုများအပါအဝင် စုစုပေါင်းလူဦးရေ (၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။
အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် တအာင်းရုံးသုံးစာ/ စကားပြန့်ပွားရေး၊ တအာင်းမျိုးနွယ်စုများ စကားလုံးအသုံးအနှုန်း ဝေါဟာရတူညီခြင်း၊ တအာင်းပညာရေးဌာနဆိုင်ရာ တအာင်းစာပေထည့်သွင်းသင်ကြားနိုင်ခြင်း၊ တအာင်းမိခင်ဘာသာစကား မပပျောက်ခြင်း၊ တအာင်းအဖွဲ့အစည်းဌာနဆိုင်ရာဝန်ထမ်းများနှင့် ရုံးဌာနတိုင်း တအာင်းရုံးသုံးစာဘာသာဖြင့် အသုံးပြုနိုင်ခြင်း၊ တအာင်းစာအုပ်စာပေ ပုံနှိပ်မဂ္ဂဇင်းစာအုပ်များထုတ်ဝေနိုင်ခြင်း၊ တအာင်းပညာရေးကျောင်းအတွင်း တအာင်းစာပေဘာသာရပ်များပိုချပေးရန်အတွက် ဆရာ/မဝန်ထမ်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ