ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၄)လုံးထိမှန်ပျက်စီး
ကျောက်မဲ၊ စက်တင်ဘာလ ၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်တွင် ပန်သပြေကျေးရွာနှင့် ပန်ကွမ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး ဗုံးနှင့် ရော့ကတ်ဗုံးဖြင့် ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄)လုံး၊စာသင်ကျောင်း(၁)ကျောင်းနှင့် စေတီပုထိုးများဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
ယနေ့ နေ့လယ် (၁၂း၂၂)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ်၊ ပန်သပြေကျေးရွာသို့ ရောတ်ကတ်ဗုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဗုံးများကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး (၁)ဦးထိမှန်ဒဏ်ရာရရှိပြီး နေအိမ်(၄)လုံးနှင့် စာသင်ကျောင်း(၁)ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့သည်။
အလားတူ ယနေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်၏ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် စေတီပုထိုးများ ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၂)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာသို့ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး ပျက်စီးသွားခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ