1350

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁)ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် (၃)လုံးပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
03 September 2025

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁)ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် (၃)လုံးပျက်စီး

သီပေါ၊ စက်တင်ဘာလ ၃ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံးဗုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး ပျက်စီးသွားခဲ့ပါသည်။

ယနေ့ နေ့လယ် (၁း၃၈)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် သီပေါမြို့နယ်၊ ဘော်ကြို‌ကျေးရွာရှိ ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးများလာ‌ရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အသက် (၄၅)အရွယ် ဦးမောင်ဇော်သည်  ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် (၃)လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၈)ရက်နေ့တွင်လည်း သီပေါမြို့၊ အနောက်ရပ်ကွက်နှင့် တောင်မြို့ရပ်ကွက်တွင် ပြည်သူလူထုရှိရာ ဗုံးများကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၇)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁)ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် (၃)လုံးပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်