တအာင်းပြည်တွင် သြဂုတ်လအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁)ဦးနှင့် သုံးစွဲသူ (၁၂)ဦး ဖမ်းဆီးနိုင်ခဲ့
တအာင်းပြည်၊ စက်တင်ဘာလ ၂ရက်
တအာင်းပြည်၊ မိုးကုတ်၊ သီပေါ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူနှင့် ကျောက်မဲမြို့နယ်တို့တွင် သြဂုတ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁)ဦးနှင့် သုံးစွဲသူ (၁၂)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
မိုးကုတ်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသမီး (၁)ဦးထံ ဘိန်းဖြူဆပ်ပြာခွက် (၁၁)ခွက်၊ ယာမဆေးပြား (၁၅)ပြား၊ ဖုန်း (၁)လုံး၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၃)ဦးလည်း ဖမ်းဆီးရမိခဲ့ပါသည်။
ထိုအပြင် သီပေါမြို့နယ်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးထံ ယာမဆေးပြားအထုပ်ကြီး (၁)ထုပ်၊ အထုတ်သေး (၂)ထုပ်နှင့် ဘိန်းဖြူထည့်ထားသည့်ရေသန့်ဗူး(သေး) (၁)ဗူးတိုကို သိမ်းဆည်းရမိခဲ့သည်။ ၎င်းနောက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁)ဦးထံ ယာမဆေးပြား (၁၁)ပြားနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
အလားတူ ကွတ်ခိုင်မြို့တွင်လည်း တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂)ဦးထံ ယာမဆေးပြား (၈၀၀)ပြားနှင့် ဘိန်းဖြူ (၃)ဂရမ်၊ ဖုန်း (၁)လုံး၊ ဆိုင်ကယ် (၁)စီးနှင့်အတူ ဖမ်းဆီရမိခဲ့သည်။
မန်တုံမြိုနယ်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုသား (၁)ဦး နှင့် အမျိုးသမီး(၁)ဦးထံ ယာမဆေးပြား (၁၄၄)လုံး၊ ဘိန်းဖြူထည့်ထားသည့် ဆေးဗူး (၂)ဗူးနှင့် ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၈)ဦးကိုလည်း မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့သည်။
၎င်းအပြင် မိုင်းလုံမြို့နယ်လည်း လားရှိုးမှဆင်းလာသည့် ကားတစ်စီးကို စစ်ဆေးရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦးထံ ယာမဆေးပြား (၁ဝ၇,၈ဝဝ)ပြားတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ သိမ်းဆီးရမိခဲ့ပါသည်။
မိုင်းငေါ့မြို့လည်း မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိမှုကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦး ဖမ်းဆီးရမိခဲ့သည်။ အလားတူ နမ္မတူမြို့နယ်လည်း မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး (၁)ဦးထံ ယာမဆေးပြား (၆၀)ပြားနှင့် ဘိန်းဖြူထည့်ထားသည့် ဆေးဗူးအသေး (၇)ဗူးတို့ကို ဖမ်းဆီးရမိခဲ့သည်။
ထိုအပြင် ကျောက်မဲမြို့နယ်လည်း စစ်ဆေးရေးဂိတ်တစ်ခုတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးထံ စိတ်ကြွဆေးပြား (၁၀၀၀၀)ပြား၊ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် (၆)ခွက်၊ ဆိုင်ကယ် (၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်သွားမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ