1345

PSLF/TNLA ၏ အပတ်စဉ် (၃) ခေါင်းဆောင်မှုသင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
31 August 2025

PSLF/TNLA ၏ အပတ်စဉ် (၃) ခေါင်းဆောင်မှုသင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပပြီးစီး


တအာင်းပြည်၊ သြဂုတ်လ ၃၁ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အပတ်စဉ် (၃) ခေါင်းဆောင်မှုသင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကို   တအာင်းပြည်တစ်နေရာတွင် ပြီးခဲ့သည့် သြဂုတ်လ(၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားအား     PSLF/TNLA၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတားပါင်လမှ တက်ရောက်ခဲ့ပြီး၊ ယခုသင်တန်းအတွင်းတွင် လေ့ကျင့်သင်ကြားပေးမည်ဘာသာရပ်များအား ကျောင်းသူများတစ်ဦးချင်းအတွက် အလွန်ပင်အရေးကြီးပါသည်။ မိမိတို့ဒေသတွင် ဖွံ့ဖြိုးတိုးတတ်ရေးအတွက် တွေးခေါ်ဦးဆောင်မှုအခန်းကဏ္ဍ အင်မတန်အရေးကြီးသောကြောင့် သင်ကြားရေးကာလအတွင်း အကျိုးရှိစွာ အသုံးချလေ့လာရန် လိုအပ်သည်ဟု မိန့်ခွန်းအဖွင့်အမှာစကားပြောကြားခဲ့သည်။


ဤသင်တန်းကျောင်းကို ရုံးဆိုင်ရာစီမံခန့်ခွဲမှုစွမ်းရည်၊ ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်၊ ဦးဆောင်မှုဆိုင်ရာစွမ်းရည်မြင့်တက်စေရန်အတွက် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ 


အဆိုပါ ခေါင်းဆောင်မှုသင်တန်းကျောင်းတွင် သင်တန်းကာလ (၁၅)လကြာမြှင့်မည်ဖြစ်၍ သင်ကြားပေးမည့်သာဘာရပ်တွင် Democracy and Democratization၊  Human Right၊  Good Governance၊  Office Management၊ Leadership Skills စသည့် ဘာသာရပ်စုစုပေါင်း(၃၀)ရှိပါသည်။ ၎င်းသင်တန်းအား  ကျောင်းသူသီးသန့်သာဖြစ်၍ စုစုပေါင်း (၇၆)ဦးရှိပြီး၊ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော် (DPLF/DPLA) ၏ အမျိုးသမီးစစ်သည်တော်များလည်း ပါဝင်တတ်ရောက်သင်ကြားမည်ဖြစ်သည်။


ထိုခေါင်းဆောင်မှုသင်တန်းကျောင်းတွင် လူငယ်များ၏ ခေါင်းဆောင်မှုစွမ်းရည် ဆုံးဖြတ်နိုင်စွမ်းနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန်၊ ရုံးလုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်စေရန်နှင့် အဖွဲ့အစည်း၏ ကဏ္ဍပေါင်းစုံရှိ လုပ်ငန်းဆောင်တာများကို ထိရောက်စွာ ဦးဆောင်နိုင်စေရန်တို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်သည်။


အခမ်းအနားတွင်    PSLF/TNLA၏ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတားပါင်လ၊ PSLF/TNLA ဌာနတာဝန်ရှိသူများ၊ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော် (DPLF/DPLA)၏ တာဝန်ရှိသူများ၊ပြည်သူလူထုများနှင့် ကျောင်းသူများအပါအဝင် စုစုပေါင်း လူဦးရေ (၁၀၀)ဦး ကျော်တတ်ရောက်ခဲ့ကြသည်။


ပြီးခဲ့သည့် ၂၀၁၉ခုနှစ်တွင် PSLF/TNLA၏ ခေါင်းဆောင်မှုသင်တန်းကျောင်း အပတ်စဉ် (၁)ကို စတင်ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် (၂)ကို ၂၀၂၃ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA ၏ အပတ်စဉ် (၃) ခေါင်းဆောင်မှုသင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်