1344

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်(၄)အိမ် ထိခိုက်ပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
31 August 2025

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်(၄)အိမ် ထိခိုက်ပျက်စီး

ကျောက်မဲ၊ သြဂုတ်လ ၃၁ရက်
တအာင်းပြည်နယ်

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်(၄)အိမ် ထိမှန်ပျက်စီးခဲ့ပါသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ည (၉း၄၈)နာရီ တစ်ကြိမ်၊ (၉း၅၀)နာရီတွင် တစ်ကြိမ် ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာအတွင်း ပေါင် (၂၅၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၄)အိမ် ဗုံးစထိမှန် ပျက်စီးသွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ (၂၉)ရက်နေ့တွင်
စစ်ကောင်စီတပ်သည်  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုင်းလုံမြို့၊ ပန်သပြေကျေးရွာအတွင်း ပေါင် (၂၅၀)ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သီလရှင်၊ သံဃာတော်နှင့် ပြည်သူလူထုများ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄)အိမ်၊ ကျောင်းဆောင် (၅)ဆောင်နှင့် ဓမ္မာရုံ (၁)ရုံတို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်(၄)အိမ် ထိခိုက်ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်