ကွတ်ခိုင်တွင် ထန်စဖော်မာကို ဖြုတ်ခိုးယူသူ (၃)ဦးကို PSLF/TNLAမှ ဖမ်းဆီးရမိ
ကွတ်ခိုင်၊ သြဂုတ်လ ၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈)တွင် ထန်စဖော်မာကို ဖြုတ်ခိုးယူသူ (၃)ဦးကို PSLF/TNLA မှ ဖမ်းဆီးရမိခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ (၈)ရက်နေ့ နံနက် (၇း၀၀) နာရီအချိန်၌ ထန်စဖော်မာကို ဖြုတ်ယူနေသည့်အမျိုးသား (၃)ဦးကို PSLF/TNLAမှ အသုံးပြုခဲ့သည့်ပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ (၃)ဦိးသည် အသက် (၂၂)အရွယ် ဇော်ဦးကိုကို၊ အသက် (၃၃)နှစ်အရွယ် ဦးဇော်လတ်နှင့် အသက် (၂၈)နှစ်အရွယ် စိုင်းကိုထူးတို့ ဖြစ်ပါသည်။
အဆိုပါအမျိုးသားများကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေဌာန
မှတ်ချက်များ