1310

သီပေါမြို့တွင် PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
07 August 2025

သီပေါမြို့တွင်  PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ  ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

သီပေါ၊ သြဂုတ်လ ၇ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်၏ လေ  ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုရန်မှ ကာကွယ်ရေးဆိုင်ရာကိစ္စများ၊ ရပ်ကွက်အတွင်း ပြည်သူ လူထုများအဝင်အထွက်ကို စောင့်ကြည့်သတိထားကြရန်နှင့် သန့်ရှင်းရေးများပြုလုပ်ကြရန်၊ မိုးတွင်းကာလတွင် လမ်းများပျက် စီးသွားခြင်းမရှိစေရန်နှင့် မြို့သာယာရေးလုပ်ငန်းများကို  ဆွေးနွေးခဲ့သည်။

ထိုနောက်တွင် ဆွေးနွေးပွဲကို တက်ရောက်လာကြသည့် ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများမှ ၎င်းတို့ကြုံတွေ့ရင်ဆိုင်နေရသည့်အခက်အခဲများကိုလည်း  ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။

၎င်းတွေ့ဆုံပွဲကို သီပေါမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရက်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှုးများအပါအဝင် စုစု ပေါင်းလူဦးရေ (၂၀)ဦး တက်ရောက်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်