1308

သီပေါမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၁)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
06 August 2025

သီပေါမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၁)ဦး ဖမ်းဆီးရမိ

သီပေါ၊ သြဂုတ်လ ၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၁)ဦးတို့ကို ဖမ်း ဆီးရမိခဲ့သည်။

ဖြစ်စဥ်တွင် သြဂုတ်လ (၂)ရက်နေ့ နံနက် (၈း၀၀)နာရီအချိန်၌ မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေစဥ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူအမျိုးသား (၁)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါမူးယစ်ဆေးဝါးရောင်းဝယ်သူသည် အသက် (၅၁)နှစ်အရွယ် ဦးဘဟာဒူးဆိုသူဖြစ်ပြီး ၎င်းထံ ယာမဆေးပြားအထုပ်ကြီး (၁)ထုပ်၊ အထုတ်သေး (၂)ထုပ်နှင့် ဘိန်းဖြူထည့်ထားသည့်ရေသန့်ဗူး(သေး) (၁)ဗူးတို့ကို သိမ်းဆည်းရမိခဲ့သည်။ ထိုနောက် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၅)နှစ်အရွယ် ကိုစိုင်းလွင်ထံ ယာမဆေးပြား (၁၁)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူကို အကျင့်စာရိတ္တပြုပြင်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၆)ရက်နေ့လည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင် တခင်စစ်ဆေးမှုပြုလုပ်နေစဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၂)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၁)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်