ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရ
ကျောက်မဲ၊ ဩဂုတ်လ ၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
ဖြစ်စဥ်တွင် ယနေ့ နံနက်ပိုင်း (၁၀း၂၃) နာရီအချိန်၌ စစ်ကောင်စီတပ်သည် ကျောက်မဲမြို့၊ ရပ်ကွက် (၆)ရှိ စျေးသစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၂၉)နှစ်ရွယ် ဒေါ်မီမီသွေး၊ အသက် (၃၈)နှစ်အရွယ် ဒေါ်မီမီရင်နှင့် အသက် (၆၀)နှစ်အရွယ် ဒေါ်အေးဝင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်ချော ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဆေးခန်း (၁)ခန်း၊ နေအိမ် (၃)အိမ်နှင့် ကား (၁)စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ကျောက်မဲမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၆)ရက်နေ့မှ ယမန်နေ့အထိ လေကြောင်းဖြင့် (၈)ကြိမ် တိတိ ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၃)ဦး သေဆုံးခဲ့ပြီး အမျိုးသမီး (၄)ဦးနှင့် အမျိုးသား (၁၃)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၄၂)အိမ်၊ စာသင်ကျောင်း (၁)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်းလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ